ဇာဖြစ်လို့ ရခိုင်နတ်ကို ဖန်တီးလဲ?

နိုင်ငံခြားတိုင်းပြည်တိမှာ အနိန်ကြာလာရေခါ သတိထားမိစွာက “ဆင်းရဲရေ လူသားတိအတွက် တန်းတူရေ အခွင့်အရေး မရှိ” ဆိုစွာပါ။ လူသားတိ ဘလောက်ပင် တန်းတူ အခွင့်အရေးကို ပြောပြော “လန်ဒန်မြို့လယ်မှာ ခိုတစ်ကောင်ကို သတောင်းစားတိ ဖမ်းစားကတ်စွာလောက်၊ ရခိုင်ပြည်မှာ လက်နက်ကြီး ကျလို့ အချေတိ တဘောင်းဘောင်း သီနိန်ကတ်စွာကို လန်ဒန်မြို့သားတိ အလေးမထားကတ်” ဆိုစွာမျိုးကို တွိရပါရေ။ ဥရောပတိုင်းသား ရာနှုန်းပြည့်လောက် ထိုင်းနိုင်ငံကို သိကတ်သလောက်၊ ၅၀ ရာခိုင်နှုန်းအထက် မြန်မာနိုင်ငံကို မသိကတ်ပါ။ လိုရင်းကို ပြောရဖို့ဆိုကေ ရခိုင်သားတိ လူရာဝင်ရေအဆင့်အတန်းတခုကို ရောက်မှရာ ရခိုင်သားတိ အခြေအနေမှန်ကို ကဗာက သိလာပနာ၊ လူ့အခွင့်အရေးကိုလည်း အပြည့်အဝ ရလာနိုင်ရေဆိုစွာပါ။

ရခိုင်လူမျိုးတိ တမျိုးသားလုံးအဆင့် ဝင်ငွေမြင့်လာရေ အဆင့်တခုကို တည်ဆောက်ဖို့ လိုပါရေ။ တမျိုးသားလုံး ဝင်ငွေမြင့်လာဖို့အတွက် ရခိုင်သားတိုင်း ကိုယ့်စွာကိုယ် ကြိုးစားဖို့ လိုရေပိုင်၊ ရခိုင်အချင်းချင်း လက်ချင်းဆွဲ မတင်လားဖို့လည်း လိုပါရေ။ ရခိုင်သားတိ ကိုယ့်စွာကို မြှင့်တင်ဖို့ ဖြစ်ဖြစ်၊ အချင်းချင်း မထူပီးဖို့ ဖြစ်ဖြစ်၊ အဆင့်တဆင့် အယင်ဆုံးတက်နိုင်အောင် ခုတုံးလုပ်နိုင်ကတ်အောင်လို့ ရခိုင်နတ်ကို ရည်ရွယ်ဖန်တီးထားပါရေ။

ရခိုင်နတ်မှာ စီးပွားရေး/ဝင်ငွေကို တည်ဆောက်နိုင်ဖို့အတွက် Adverts / Classifieds (https://rakhine.net/adverts/) ဆိုစွာကို အဓိက ဖန်တီးထားပါရေ။ ယင်းနိန်ရာမှာ လူတိုင်း ကိုယ့်စီးပွားရေးကို ကြော်ငြာနိုင်ပါရေ။ ကိုယ်တတ်စွာ၊ ကိုယ် လုပ်နိုင်စွာကို ကြော်ငြာနိုင်ပါရေ။ ဥပမာ – သားပုန်ရွာက လယ်သမား သငယ်ချင်းလည်း အေမှာ ဆန်ကို အိမ်အရောက် ပို့ပီးရေဆိုရေ ကြော်ငြာမျိုး၊ ဖုန်းနံပါတ်နန့် ထည့်ပနာ ကြော်ငြာလိုက်ဗျာလ်၊ ဆိုက္ကားသမား ၂ ယောက်လောက်နန့် ချိတ်ဆက်ဗျာလ်၊ ကိုယ့်လယ်ထွက် ဆန်တိကို ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်တော် အစရှိရေ မြို့တိက အိမ်တိကို တိုက်ရိုက် ပို့ပီးနိုင်ပါရေ။ အေပိုင် လုပ်လိုက်ကေ ဆန်ပွဲရုံကို အဆင့်ဆင့် ပို့ရရေ ကုန်ကျဇရိတ် သက်သာလားနိုင်ပနာ၊ ဝယ်ရေ လူလည်း ဆန်ဖိုး၊ သယ်ယူဇရိတ် နှစ်ခုလုံး ပိုသက်သာလာနိုင်ရေပိုင်၊ စျီးလားဝယ်ရဖို့ အချိန်ကုန်လည်း သက်သာလားနိုင်ပါရေ။ ယင်းပိုလာရေအချိန်မှာ ဖေသာကို ပိုရှာလာနိုင်ပါရေ။ လူတယောက်ချင်းစီအတွက် အချိန်ပိုက မပြောလောက်ကေလည်း လူ ရာချီ၊ ထောင်ချီ၊ သောင်းချီလာကေ တန်ဖိုးအများကြီး ရှိလာနိုင်ပါရေ။ ဆိုက္ကားသမားတိလည်း အလုပ်ပိုရလာနိုင်၊ ဝင်ငွေ ပိုကောင်းလာနိုင်ပါရေ။ ယင်းအတွက်နန့် အေနည်းက လယ်သမားသငယ်ချင်းက ကိုယ့်စီးပွားရေးကို ပိုကောင်းအောင် တည်ဆောက်နိုင်ရေပိုင်၊ ဆိုက္ကားသမားတိကို ဆွဲတင်ပီးလားရေ နည်းလမ်းဖြစ်ပါရေ။

အေနိန်ရာမှာ ကိုယ့်စီးပွားရေးမျိုးစုံကို ကြော်ငြာနိုင်ရေပိုင်၊ ကိုယ်ဇာလုပ်တတ်တေ၊ အလိုရှိရေ ခေါ်နိုင်ရေဆိုစွာမျိုးလည်း ကြော်ငြာနိုင်ပါရေ။ ဥပမာ – အကျွန် လက်သမားဆရာပါ။ လက်သမားအလုပ် လိုရေလူတိ အကျွန့်ကို ခေါ်နိုင်ရေဆိုပနာ ဖုန်းနံပါတ် ထည့်ပနာလည်း ကြော်ငြာနိုင်ပါရေ။ ယင်းပိုင်ဗျာလ် ကားသမား၊ စက်သီးတစီးနန့် ပစ္စည်းပို့နိုင်ရေ လူ၊ အစရှိရေ လုပ်ငန်းမျိုးစုံကို ကြော်ငြာနိုင်ပါရေ။ နမူနာတိ လုပ်ပြထားပါရေ။

https://rakhine.net/adverts/

နောက်ထပ် Jobs(https://rakhine.net/jobs/)ဆိုရေ နိန်ရာမှာ အလုပ်ရှင်တိ ကိုယ်လိုချင်ရေ အရည်အချင်းကို ထည့်ပနာ၊ အလုပ်ကြော်ငြာတိ ထည့်နိုင်ပါရေ။

စီးပွားဖြစ် ဆိုင်အကြီးကြီး အမြဲတမ်း ရောင်းချင်ကေ Shop(https://rakhine.net/shop/)မှာ Admin ကို ဆက်သွယ်ပနာ ရောင်းနိုင်ပါရေ။ Debit, Credit, Paypal, Cash On Delivery(COD) အစရှိရေ လုပ်ဆောင်မှုတိ အားလုံး ထည့်ထားပါရေ။ Member တိုင်း လိုချင်ရေ ပစ္စည်းကို နှိပ်ပနာ စျီးဝယ်ခြင်းမှာ ကိုယ့်အချက်အလက်တိကို ထည့်ပနာ တိုက်ရိုက်မှာယူနိုင်ပါရေ။

https://rakhine.net/shop/

FaceBook မှာပိုင် ထိုတင်ချင်၊ ဒေတင်ချင်ကေ Activity(https://rakhine.net/activity/)ထဲမှာ လုပ်နိုင်ပါရေ။ စာ၊ ဓါတ်ပုံ၊ ဗီဒီယို၊ တေးခြင်းတိ မျှဝီနိုင်ပါရေ။

https://rakhine.net/activity/

သာရေးနာရေး၊ လူမှုရေး အလုပ်တိ လုပ်ဖို့ အုပ်စုတိကို Groups (https://rakhine.net/groups/) အောက်မှာ ဖွဲ့နိုင်ပါရေ။ အပြင်လူတိ မသိနိုင်ရေ သီးသန့် အုပ်စုတိ ဖွဲ့နိုင်ပါရေ။

စာရွီးချင်ရေ လူတိ Blog (https://rakhine.net/blog/) အောက်မှာ ရွီးနိုင်ပါရေ။

ဖိုရင်တိ Forums (https://rakhine.net/forums/) အောက်မှာ အကြောင်းအရာ ပေါင်းစုံကို ဆွေးနွေးနိုင်ပါရေ။

https://rakhine.net/forums/

မတ်ဆ်ဆန်ဂျာ Messenger အောက်မှာလည်း သငယ်ချင်းတိကို နှုတ်ဆက်၊ သတင်းမိန်းနိုင်ပါရေ။

အေလောက်ဆိုကေတော့ခါ ရခိုင်နတ်ကို သုံးနိုင်ရေ ပုံစံတိကို အကြမ်းဖျင်း သဘောပေါက်ဗျာလ်လို့ ထင်ပါရေ။

ရခိုင်နတ်မှာ အသင်းဝင်တိ များလာလီ ရခိုင်အသိုင်းအဝိုင်းကို ပိုမြှင့်တင်နိုင်လီဆိုစွာကို သတိပြုမိကတ်ပါလိမ့်မေ။ အီးမဲလ် တခု ရှိစွာနန့် အကောင့်တခု ဖွင့်ပနာ စသုံးကတ်ပါ။

အသင်းဝင်ပုံစံကို စာရွီးဆရာ၊ ဆိုင်မန်နီဂျာ၊ အက်ဒမီ၊ အက်ဒီတာ၊ အလုပ်ရှင် အစရှိရေပိုင် အဆင့်တိ အများကြီး ခွဲထားပနာ၊ လုပ်ဆောင်နိုင်ရေ ပုံစံ ကွာခြားလားရေအတွက်၊ ကိုယ်လုပ်ချင်ရေ ပုံစံကို Admin ကို Messenger က ဖြစ်ဖြစ် ဆက်သွယ်ပနာ ပြောကတ်ပါ။ လုပ်ချင်စွာကို ဖွင့်ပီးပါမေ။

ရခိုင်သားတိုင်း ရခိုင်နတ်ကို တက်နင်းပနာ အမြင့်ကို တက်လှမ်းနိုင်ကတ်လိမ့်မေလို့ မျှော်လင့်ပါရေ။ အကူအညီလိုကေ Admin ကို ချက်ချင်း ဆက်သွယ်ကတ်ပါ။ အချိန်ရစွာနန့် အလွယ်တကူ သုံးနိုင်ဖို့ ဖုန်းအပ် တင်ပီးပါမေ။

Admin

@admin

Leave a Reply

Your email address will not be published. Required fields are marked *