စန္ဒယား သင်ခန်းစာ

အကျွန် စန္ဒယား သင်ပီးဗြီးကေ သက်မွေးဝမ်းကျောင်းပြုရေ ဆရာမ တယောက်ပါ။ သင်ပီးလာရေ နှစ်သုံးဆယ်ကျော်အတွင်းမှာ အေဂုခေတ် အချေတိက ဂီတဖက်မှာ ပိုထူးချွန်လာကတ်စွာကိုလည်း သတိထားမိပါရေ။

ကကောင်း အောင်မြင်ပနာ နာမေကြီးလားရေ စန္ဒယားပညာရှင်တိကို အကျွန် မွီးထုတ်ပီးလိုက်ကေလည်း ကိုယ့်စွာကိုတော့ခါ အကျွန် ဘဝင် မမြင့်မိပါ။ ယကေလည်း တခါတရီမှာ ကကောင်း သင်ပြဖို့ ခက်ခဲရေ ကျောင်းသားတိကိုလည်း တွိရတတ်ပါရေ။ ယင်းအထဲမှာ “ရော်ဘီ” က တယောက် အပါအဝင်ပါ။ ရော်ဘီကို အမိသယ် စန္ဒယားသင်ဖို့ ကျောင်းလာအပ်ရေခါ အသက် ၁၁ နှစ်ရာ ရှိပါသိမ့်ရေ။ ရော်ဘီ အမိက တခုလပ်မ တယောက်ဖြစ်ပနာ၊ သားအမိနှစ်ယောက်တည်း အိမ်ချေ တအိမ်နန့် နိန်ကတ်ပါရေ။

အသက်အငယ်ချေ ယောကျ်ားချေတိကို စန္ဒယား သင်ရစွာ ကကောင်း ကောင်းပါရေ။ သင်လွယ် မြင်လွယ် ကတ်လို့ပါ။ ယင်းအတွက်နန့်လည်း ရော်ဘီကို လက်ခံလိုက်စွာပါ။ ယကေလည်း သင်ချင်ပိုင် သင်၊ ရော်ဘီကတော့ မရပါ။ အမိသယ်က သူ့ကို စန္ဒယားတီးလို့ မြင်ဇီချင်ရေဆိုလို့ မိမိသယ်ဆန္ဒအတိုင်း လာသင်နိန်စွာလို့လည်း ပြောပါရေ။ နောက်မှ စန္ဒယားမှာ မျှော်လင့်ချက် မရှိရေ အချေမှန်း အကျွန် သိလိုက်ရပါရေ။

ယပိုင်နန့် အမျိုးမျိုး သင်ပြပီးကေလည်း ရောဘီက တိုးတက် မလာပါ။ အသံကြောင် ဂီတတိရာ အမြဲတမ်း တီးနိန်တတ်ပါရေ။ ယကေလည်း တပတ်ချင်းဇီ သင်ခန်းစာ ဗြီးလားကေ “မေမေတော့ ကျွန်တော့် စန္ဒယားလက်ရာကို တရက်ရက် ကြားရပါဖို့။” လို့ဇီ အားကြိုးမာန်တက် ပြောနိန်တတ်ပါရေ။ အမှန်ကတော့ တခု မျှော်လင့်ချက်လည်း မရှိရေ၊ အချေပါ။ မွီးရာပါကိုက ဂီတနန့် အလှမ်းဝီးနိန်ပုံ ရပါရေ။

တခါတခါ ရော်ဘီအမိသယ်စွာ ရောဘီကို အကြိုအပို့ လုပ်ပီးစွာကိုတော့ခါ အဝီးက လှမ်းမြင်ရတတ်ပါရေ။ အဝီးက လက်ပြ နှုတ်ဆက်တတ်ကေလည်း၊ ကျောင်းထဲကိုတော့ ဝင်လာလေ့ မရှိပါ။ တရက်နိန့် ရော်ဘီ စန္ဒယားသင်ဖို့ မရောက်လာပါ။ အစမှာ အကျွန် ဖုန်းခေါ်ဖို့ စဉ်းစားမိကေလည်း၊ နောက်မှ အေအစွမ်းအစ မရှိရေ အချေက အခြားတခုခုကို ပြောင်းလုပ်လားစွာက ပိုကောင်းဖို့ဆိုပနာ တွေးမိယင်း ဖုန်း မခေါ်လိုက်ပါ။ တဖက်က မလာစွာလည်း ကောင်းပါရေ။ အေပိုင် အချေတယောက်ကို သင်နိန်ရစွာက မကောင်းရေ ကြော်ငြာတခုကို ကိုယ့်စီးပွားရေးအတွက် ပြနိန်ရရေ ပုံပါ။

ယင်းပိုင်နန့် လအင်တန် ကြာလားဗြီးရေ နောက်မှာ အကျွန်စွာ ဂီတဖျော်ဖြေပွဲတခုကို စီစဉ်ပနာ ယင်းမှာ တင်ဆက်ဖို့ ကျောင်းသားတိကို အိမ်အရောက် ဖိတ်စာပို့ပီးပါရေ။ ယင်းမှာ ရော်ဘီက ဖိတ်စာ တစောင်ရပနာ အကျွန့်ကို သူ့ကိုပါ စင်ထက်မှာ ဖြေဖျော်ခိုင်းဖို့ တောင်းဆိုလာပါရေ။ အကျွန်က “စင်မှာ ဖြေဖျော်ပီးဖို့ ကျောင်းသားတိစွာ လက်ရှိ သင်နိန်ကတ်တေ ကျောင်းသားတိရာ ဖြစ်တေ။ ရော်ဘီက ဆုံးအောင်တောင် မသင်ခဘဲ ဇာပိုင် ဖြေဖျော်နိုင်ဖို့လဲ။” လို့ ပြောလိုက်ပါရေ။ ယင်းခါ သူက သူ့အမိ နိန်မကောင်းလို့ စန္ဒယား လာမတက်နိုင်စွာပါရာ။ အဂုထိ သူ လေ့ကျင့်နိန်တုန်းသိမ့်။” လို့ ပြောလာပါရေ။

“ဆရာမ၊ ကျွန်တော့်ကို တခါလောက် တီးပြခွင့်ပီးပါ။” လို့ ထပ်တလဲလဲ တောင်းဆိုနိန်ရေအတွက် အကျွန်လည်း ဇာပိုင်ကနိန် ဇာပိုင် ခွင့်ပြုပီးလိုက်မှန်း မသိပါ။ အဖြစ်လောက်ရာ သဘောထားပနာ လက်ခံလိုက်စွာလည်း ဖြစ်နိုင်ပါရေ။

ဖျော်ဖြေပွဲ အစီအစဉ်ညဥ့်မှာ ခန်းမတခုလုံး ပရိဿတ်တိနန့် ပြည့်လျှံနိန်ပါရေ။ အကျွန်ကတော့ ရော်ဘီကို နောက်ဆုံး အစီအစဉ်နိန်ရာမှာ ထည့်ထားပါရေ။ ကျောင်းသားတိအားလုံးကို အကျွန် စင်ထက်တက်ပနာ ကျေးဇူးတင်စကား မပြောခင် ရှိက အစီအစဉ်မှာပါ။ တခုခုဆိုကေ အကျွန် အယင် စင်ထက်ကို တက်ပနာ သူ့အစီအစဉ်ကို အချိန်မီ တားနိုင်အောင်လို့ပါ။

ဖျော်ဖြေပွဲက လှလှပပနန့် အစီအစဉ်တကျ ဖြစ်မြောက်လာပါရေ။ ကျောင်းသားတိက တယောက်ပြီးတယောက် သူရို့ လက်ရာကို သူ့ထက်ငါ အစွမ်းပြလားကတ်ပါရေ။ နောက်ဆုံးမှာ ရော်ဘီအလှည့် ရောက်လာပါရေ။ အင်္ကျီအဝတ်အစားတိက တွန့်ကြီနိန်ပနာ၊ ဆံပင်တိကလည်း ဖရိုဖရဲ ထိုးလို့ထောင်လို့ ဖြစ်နိန်ပါရေ။ “ဇာဖြစ်လို့ တခြား ကျောင်းသားတိပိုင် သပ်သပ်ရပ်ရပ် မဝတ်လာစွာလဲ။ အမိသယ်က ခေါင်းပင် တချက်လောက် မဖြီးပီးလိုက်လား။” ဆိုပနာ အကျွန် အပြစ်တင်နိန်မိပါရေ။

ရော်ဘီ စန္ဒယား ရှိမှာ ထိုင်ပနာ “မိုးဇက် ကင်ဆာတိုဂီတ နံပါတ် ၂၁ ကို စီ မေဂျာ ကီးနန့် တီးပြလားပါဖို့။” လို့ ပြောရေခါ အကျွန် ကကောင်း အံ့သြမှင်တက်လားမိပါရေ။ အလွန် လုံးဝ မထင်ထားရေ စကားလုံးတိကို ကြားလိုက်ရလို့ပါ။

သူ့လက်ချောင်းချေတိက ဆင်စွယ်ကီးတိထက်မှာ ညင်ညင်သာသာနန့် ဗြီးလွှားလှုပ်ရှားနိန်ပါရေ။ သာယာငြိမ့်ညောင်းရေ စန္ဒယားသံက ခန်းမတခုလုံးကို ငြိမ်ကျလားအောင် ဆွဲဆောင်လားပါရေ။ အံ့သြငေးမော၊ အားကျရေ မျက်လုံးတိက သူ့ဘားမှာ စုပြုံလားကတ်ပါရေ။ မိုးဇက် လက်ရာကို မီအောင်တီးနိုင်ရေ လူစွာ သူ့အသက်အရွယ်လောက်မှာ မရှိဖူးပါ။

၆ မိနစ်ခွဲကြာ တီးဗြီးရေ နောက်မှာ ခန်းမကြီးတခုလုံး လက်ခုပ်သြဘာသံတိနန့် ပြည့်လျှံလားပါရေ။ မျက်ရည်တိ ပြည့်လျှံနိန်ရေ မျက်လုံးတိနန့် အကျွန် စင်ထက်ကို ဗြီးတက်လားပနာ ရော်ဘီကို အားရပါးရ ဖက်ပလိုက်ပါရေ။

“ရော်ဘီ၊ အယင်က အေပိုင် တီးစွာကို ဆရာမ တခါလည်း မမြင်ဖူး။ ရော်ဘီ ဇာပိုင် လေ့လာစွာလဲ။” လို့ ပြောလိုက်ရေခါ ရော်ဘီက မိုက်ကရိုဖုန်းကို ကိုင်ပနာ …

“ဆရာမ၊ ကျွန်တော့် အမိ နိန်မကောင်း ဖြစ်နိန်ရေလို့ ပြောဖူးပါရေ။ အမှန်က ကျွန်တော့်အမိ ကင်ဆာရောဂါ ဖြစ်နိန်စွာပါ။ အေနိန့် မိုးသောက်က ကျွန်တော့်အမိ ဆုံးလားခပါရေ။ အဗြီးကေ ကျွန်တော့် အမိက အသက်ရှင်ခရေ တလျှောက်လုံး နားမကြားနိုင်ခပါ။ ကျွန်တော့် အမိအတွက် အေနိန့်ခါမှ ပထမဆုံးအကြိမ် ကျွန်တော့် စန္ဒယားလက်သံကို ကြားနိုင်ဖို့ အခွင့်အရေး ရစွာပါ။ ယင်းအတွက်နန့် ကျွန်တော် အထူးကြိုးစားဗြီးကေ မေမေအတွက် တီးခတ်ပီးလားစွာပါ။” လို့ ပြောလိုက်ပါရေ။

ယင်းနိန့်ခါ ခန်းမထဲမှာ မျက်ရည်မစိုရေ လူလို့ ရှိဖို့ မထင်ပါ။ သူ့ကို ခေါ်လာကတ်တေ သူ့ရပ်ကွက်ထဲက လူတိက ဝိုင်းဝန်းပနာ ပြန်ခေါ်လားကတ်ပါရေ။ အားလုံးက မျက်လုံးတိ နီရဲပနာ မို့အစ်နိန်ကတ်ပါရေ။

ယင်းခါက စပနာ “ငါ ရော်ဘီပိုင် ကျောင်းသားချေ တယောက်ကို သင်ပီးလိုက်လို့ ငါ့ဘဝမှာ ဘလောက် ချမ်းသာလားလို့လဲ။” ဆိုစွာကို အကျွန် ပြန်သုံးသပ်မိပါရေ။ အယင်က အံ့ဘနန်း ဖြစ်ရပ်၊ စွမ်းအားတိကို အကျွန် လက်မခံခကေလည်း ယင်းနိန့်က စပနာ ရော်ဘီအတွက် အကျွန် လက်သင့်ခံလာပါရေ။ အဂုတော့ ရော်ဘီက အကျွန့်ဆရာ ဖြစ်ပြီးကေ အကျွန်က သူ့ ကျောင်းသူ ပါ။ သူက ကြင်နာမှု၊ ချစ်ခင်မှု၊ ယုံကြည်မှု ဆိုစွာတိစွာ ဇာပိုင် အဓိပ္ဗာယ်ရှိရေဆိုစွာကို အကျွန့်ကို သင်ပြပီးလားပါရေ။ ဇာမှန်း နားမလည်ဘဲ၊ တယောက်ယောက် ယုံကြည်မှုအတွက် ကိုယ့်စွာကိုယ် အယုံအကြည် အပြည့်နန့် လုပ်ပြလားစွာကလည်း အကျွန် ရလိုက်တေ သင်ခန်းစာပါ။

ယင်းခါက စပနာ အကျွန်စွာ အကောင်း အဓိပ္ဗာယ်ရှိရေ ဘဝသင်ခန်းစာတိကို ရလိုက်ပါရေ။

၁၉၉၅ ခုနှစ် ဧပြီလထဲက အိုကလာဟိုးမားမြို့ Alfred P. Murrah Federal Building အဆောက်အဦး ဗုံးခွဲခံရစွာမှာ ရော်ဘီ ပါလားရေလို့ ကြားရပါရေ။

စန္ဒယား တီးနိန်တုန်း ဗုံးကွဲစွာလို့ ပြောကတ်ပါယင့် ……

စံဂိုးအောင်

(ကိုးကား – စန္ဒယား ဆရာမ Mildred Hondorf ကိုယ်တိုင် ရွီးထားရေ Piano Lessons ဆိုစွာကို ဆီလျှော်အောင် ဘာသာပြန်ထားပါရေ။)

Leave a Reply

Your email address will not be published. Required fields are marked *